Home
မြန်မာသတင်း
ပုသိမ်တွင် အကြမ်းဖက်လက်နက်ကိုင် ရဲနှင့်စစ်တပ်က ရပ်ကွက်ထဲဝင်ပစ်၊ ၁၁ နှစ်ကလေးကို ခေါ်ဆောင်သွား
DVB
·
March 17, 2021
161667202_1070009193483423_3041527395229491372_n
161374748_1070009276816748_5925808825036195739_n
161269808_1070009223483420_5487220698690724416_n
160747976_1070009253483417_4961694908533937283_o
159621757_1070009166816759_549395348786325951_o

DVB

ဧရာဝတီတိုင်း ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက် ကိုးသောင်းမှာ နေအိမ်ဆောက်ဖို့ သဲသယ်လာတာကို ဆန္ဒပြဖို့ သဲအိတ်ချတယ်ထင်ပြီး ရပ်ကွက်ထဲကို အကြမ်းဖက်လက်နက်ကိုင် ရဲနဲ့ စစ်တပ်က လာရောက်ပစ်ခတ်ခဲ့ပါတယ်။

ရပ်ကွက်လုံခြုံရေးအတွက် သဲအိတ်တွေချနေချိန်မှာ ရဲနဲ့စစ်တပ်အင်အား ၁၀၀ ကျော်လောက်ရောက်ရှိလာပြီး အသံဗုံး၊ ရာဘာကျည်တွေနဲ့ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ရဲနဲ့စစ်တပ်က ရပ်ကွက်ထဲဝင် သေနတ်နဲ့ပစ်ခတ်ပြီးနောက်ပိုင်းမှာ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ကလေးဟာ ကိုးသောင်း ၃ လမ်းမှာ နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ၆ တန်းကျောင်းသူ မဇင်မျိုးသူဆိုသူဖြစ်ပြီး ရပ်ကွက်ထဲ ရဲနဲ့စစ်တပ်ဝင်လာစဥ် ကွမ်းယာဆိုင်ပေါ်ထိုင်နေပြီး ဖုန်းကိုင်လိုက်မိလို့ ခေါ်ဆောင်သွားတာလို့ မျက်မြင်တွေ့ရှိခဲ့သူက DVB ကိုပြောပါတယ်။

ရဲနဲ့စစ်တပ်ဟာ စကားဝါ ၁ လမ်းကနေ ၆ လမ်းအထိ လမ်း ၁ လမ်းကို သေနတ် ၅ ချက်လောက်ပစ်ဖောက်သွားတာမျိုးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024