Monday, June 5, 2023
HomeLead Storyမော်လမြိုင်တွင် အကြမ်းဖက် စစ်တပ်နှင့်ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး ထပ်မံသေဆုံး

မော်လမြိုင်တွင် အကြမ်းဖက် စစ်တပ်နှင့်ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး ထပ်မံသေဆုံး

DVB

မော်လမြိုင်မှာ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ အရွယ် လူငယ်တစ်ဦး မတ်လ ၁၆ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက DVB ကို အတည်ပြုပါတယ်။

အသက် ၂၀ အရွယ် မောင်တောက်ထွန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က မော်လမြိုင် ဈေးကြိုရပ်မှာ ပစ်ခတ်ခံရပြီး လည်ပင်းထိမှန်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်လည်ပင်း ထိမှန်ခဲ့တဲ့ မောင်တောက်ထွန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး မော်လမြိုင်က ကုတင် ၃၀၀ စစ်ဆေးရုံကို ပို့ဆောင်ခဲ့တဲ့အပြင် အမှုဖွင့် အရေးယူတာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လူနာ မသက်သာလို့ ရန်ကုန် ‌မင်္ဂလာဒုံ စစ်ဆေးရုံကို ပြောင်းရွှေ့ ကုသပြီးနောက် သေဆုံးသွားခဲ့တာပါ။

သေဆုံးသွားတဲ့ မောင်တောက်ထွန်းကို ဘာပုဒ်မနဲ့ အမှုဖွင့် အရေးယူခဲ့လဲဆိုတာကို DVB က စုံစမ်းနေပါတယ်။

မော်လမြိုင်မှာတော့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် မောင်တောက်ထွန်း အပါအဝင် သေဆုံးသူ ၃ ဦးအထိ ရှိလာခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular