ပဲခူးတိုင်း ဖြူးမြို့ပေါ်မှာ ဒီနေ့ မတ်လ ၁၇ ရက်နေ့ မနက်စောစောပိုင်းက ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ အာရုံဦးသပိတ် ပြုလုပ်ခဲ့ပါတယ်။
ဖြူးမြို့နယ်တွေက မြို့တွေမှာ ဆန္ဒပြတာတွေကို နည်းမျိုးစုံနဲ့ ဆက်လက်လုပ်ဆောင်နေ ကြပြီး ဆိုင်ကယ်တွေနဲ့ မြို့တွင်းသို့လှည့်လည်တာ၊ ဖယောင်းတိုင်တွန်း ညသပိတ်နဲ့ အာရုံဦးသပိတ် ပြုလုပ်နေသလို ကညွတ်ကွင်းမြို့မှာတော့ ထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြ ပြည်သူတွေက အာရုံဦးသပိတ်အပြင် နေ့ပိုင်းမှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်တာ၊ ထိုင်သပိတ်ပြုလုပ်တာတွေရှိပြီး ညဘက်မှာလည်း ဖယောင်းတိုင်ထွန်းညှိဆုတောင်းကာ ညသပိတ်တွေ နေ့စဥ်ပြုလုပ် ဆန္ဒပြနေကြပါတယ်။