ရဲနှင့်စစ်တပ် တားဆီးမှုများရှိသော်လည်း ဖြူးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လုပ်
DVB
·
March 16, 2021
ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြမှုတွေကို ရဲနဲ့စစ်တပ်က တားစီးမှုတွေ ရှိနေပေမဲ့ မတ် ၁၆ ရက်မှာလည်း နည်းမျိုးစုံ နဲ့ ဆက်ပြီး ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။
ဒီနေ့မနက်အစောပိုင်းက ဖြူးမြို့ပေါ်မှာ အာရုံတက်သပိတ်ကို ၂ ရက်မြောက်အဖြစ် ပြုလုပ်ခဲ့ပြီး ကညွတ်ကွင်းမြို့မှာတော့ ဆိုင်ကယ်တွေနဲ့ မြို့တွင်းမှာ လှည့်လည်ဆန္ဒပြ ခဲ့ကြပါတယ်။