
ကလေးမြို့မှာ ဒီကနေ့မနက်ပိုင်း ချင်းတိုင်းရင်းသားအများစု နေထိုင်ကြတဲ့ တာဟန်းမှာ သပိတ်စစ်ကြောင်း တစ်ကြောင်း ချီတက်ခဲ့ပြီး စုရပ်မှာထားခဲ့တဲ့ ဆိုင်ကယ် ၁၄ စီးလောက်ကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လာရောက် သိမ်းဆည်းသွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူအချို့က ပြောပါတယ်။
ပြည်သူတဦးက “သပိတ်မှောက် စစ်ကြောင်းထွက်ပြီး မကြာခင် စစ်သားနဲ့ ရဲကားတွေ ရောက်လာပြီး ဆိုင်ကယ်တွေကို ကားပေါ်တင်သွားတယ်၊ ဆိုင်ကယ်ကတော့ အကောင်းစားတွေချည်းပဲ” လို့ ပြောပါတယ်။
ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့ မိဘအုပ်ထိန်းသူနဲ့အတူ ကလေးမြို့၊ မြို့မရဲစခန်းကို လာရောက်ပြီး ခံ၀န်ရေးထိုးပါက ပြန်လည်ထုတ်ပေးသွားမယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဆိုင်ကယ်သွားထုတ်တဲ့အချိန် ဖမ်းထားလိုက်မှာကို စိုးရိမ်နေကြပါတယ်။