စစ်အာဏာရှင်ဆန့်ကျင်ရေး ဗန်းမော်တွင် ပူဖောင်းကမ်ပိန်း ပထမဆုံးအကြိမ် ပြုလုပ်
DVB
·
March 14, 2021
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပူဖောင်းကမ်ပိန်းကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
စစ်အာဏာရှင်မုချကျရှုံးရမည်၊ သွေးအေးမသွားကြေး၊ မြန်မာပြည်အမြန်အေးချမ်းပါစေ၊ သွေးမကွဲဘဲ ပန်းတိုင်ဆီ ချီတက်ကြမည်” စတဲ့ စာတန်းတွေပါတဲ့ ပူဖောင်းကမ်ပိန်း ပြုလုပ်ခဲ့ကြတာလို့ ဒေသခံတဦးက ပြောပါတယ်။
မြို့တွင်း ဆနွထုတ်ဖော်ပွဲတွေကို အကြိမ်ကြိမ် ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရတာတွေကြောင့် ပြောက်ကျားစနစ်နဲ့ စစ်အာဏာရှင်အား ငြိမ်းချမ်းစွာ တော်လှန်နေကြတာလို့ ဆိုပါတယ်။