ပြည်သပိတ်ကို စစ်တပ်နှင့်ရဲ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၁ ဦး ကျဆုံး
DVB
·
March 13, 2021
ပြည်မြို့၊ ရွှေတစ်ချောင်းလမ်း သပိတ်စစ်ကြောင်းကို မတ်လ ၁၃ ရက် မနက် ၉ နာရီလောက်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် ၁ ဦး ကျဆုံးတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဗိုက်မှာ ကျည်ထိကာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာဖြစ်ပြီး ပြည်မြို့ ဆန္ဒပြသူ ၁ ဦး ပထမဦးဆုံး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
ကျဆုံးသွားသူ ထက်မြတ်အောင် (ခ) အရှည်ကြီးရဲ့ ရုပ်အလောင်း နေအိမ်ကို သယ်ယူရောက်ရှိပြီလို့ ဆိုပါတယ်။
သေနတ်ကျည် ထိမှန်သူများပြီး အတိအကျ မသိရကြောင်း၊ ဒဏ်ရာရပြီး ဆေးကုသခံနေရသူလည်း ရှိတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။