ပဲခူးမြို့ အမှတ် (၁) လုံခြုံရေးတပ်ဖွဲ့ခွဲက ရဲတပ်သား ၁ ဦး CDM တွင် ပူးပေါင်းပါဝင်လာ
DVB
·
March 13, 2021
ပဲခူးမြို့အမှတ် (၁) လုံခြုံရေးတပ်ဖွဲ့ခွဲမှာ တဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား အောင်ကြည်ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပေးတဲ့အမိန့်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို သေနတ် ပစ်ဖောက်နေရတာကို မလုပ်ချင်တော့တာကြောင့် CDM မှာ ပူးပေါင်းပါဝင်လာတာဖြစ်ပြီး ကျန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း သူ့လိုပဲ ပူးပေါင်းပါဝင်လာကြဖို့ လိုတယ်လို့ ရဲတပ်သား အောင်ကြည်ဦးက ဆိုပါတယ်။