Home
မြန်မာသတင်း
ခင်ဦးမြို့က CDM ဝန်ထမ်းများကို အပတ်စဉ် စားသောက်ကုန်ထောက်ပံ့
DVB
·
March 13, 2021

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ မတ်လ ၁၃ ရက်နေ့က စစ်အာဏာဆန်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဆန်၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဘိလပ်ချဥ်ပေါင်၊  နှင်းချဥ်ပေါင်၊ ကြက်ဥ၊ ခရမ်းသီး၊ ခရမ်းချဥ်သီး၊ ကင်းဗုံသီး၊ ​ပြောင်းဖူး၊ ခရမ်းသီးခြောက်၊ ငရုပ်သီး၊ မျှစ်၊ ငါးပိရည်ချို၊ ပဲနီ၊ သံပုရာသီး၊ ဘူးသီး မားမား၊ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီခြောက်၊ အာလူး၊ ပန်းမုံလာ၊ မုံလာထုပ်၊ ဂေါ်ဖီစိမ်း၊ ရွှေဖရုံသီး၊ ဖရဲသီး၊ စတဲ့အသီးအနှံစုံကို လိုသလောက်ယူစနစ်နဲ့ ကူညီထောက်ပံ့ကြတာဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ CDM ဝန်ထမ်းတစ်ထောင်ကျော်ရှိပြီး အခုအပတ်မှာတော့ ဝန်ထမ်းအများအပြား စားသောက်ကုန်ယူကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024