မိုးကုတ်မြို့တွင် ယနေ့ဆန္ဒပြသူ ၆ ဦးထပ်မံဖမ်းခံရပြီး ၄ ဦး ပြန်လွတ်
DVB
·
March 12, 2021
မန္တလေးတိုင်း မိုးကုတ်မြို့မှာ မတ်လ ၁၂ ရက် ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် စစ်တပ်နဲ့ ရဲက လိုက်လံဖြိုခွင်းဖမ်းဆီးခဲ့ရာမှာ ၆ ဦး ထပ်မံ ဖမ်းခံရပြီး ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
မိုးကုတ်မြို့ စစ်အာဏာသိမ်းဆန့်ကျင် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီးနောက် မြို့ခံပြည်သူတွေက ရပ်ကွက်အလိုက်ပျောက်ကျားစနစ်နဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
ရဲတွေကလည်း ရပ်ကွက်အလိုက် ၂ ယောက်စီ လိုက်လံနေရာချထားတာကို တွေ့ရပြီး မိုးကုတ်မြို့ကလမ်းတွေမှာ ကားတွေနဲ့ပတ်ပြီး လိုက်ဖမ်းနေပါတယ်။