တောင်တွင်းကြီးမြို့တွင် GZ လူငယ်များက စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်ဆန္ဒပြ
DVB
·
March 12, 2021
တောင်တွင်းကြီးမြို့မှာ ဒီကနေ့ မတ်လ ၁၂ ရက် မနက်ပိုင်းက GZ လူငယ်တွေက အာဏာသိမ်းအစိုးရအလိုမရှိကြောင်း လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
"ကျနော်တို့ဆန္ဒပြဖို့ စုရပ်ကနေထွက်ပြီး ၁၀ မိနစ်လောက်ပဲရှိသေးတယ်။ ရဲကားနဲ့စစ်ကားတွေရောက်လာပြီး လမ်းတွေပိတ်ထားလို့ လူစုခွဲပြီး ပုန်းနေရတယ်။ ကျနော်တို့ကတော့ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျတဲ့အထိ နည်းမျိုးစုံနဲ့ ဆန္ဒပြတောင်းဆိုသွားမှာ" လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။