Monday, June 5, 2023
HomeLead Storyမိုးကုတ်တွင် ရေပူဆရာတော်နှင့် ပြည်သူ ၄၀ ကျော် ဖမ်းဆီးခံရ

မိုးကုတ်တွင် ရေပူဆရာတော်နှင့် ပြည်သူ ၄၀ ကျော် ဖမ်းဆီးခံရ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖြိုခွင်းပြီး  ရေပူဆရာတော်နဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက်ပိုင်း ဆန္ဒပြပွဲမှာ ဖမ်းဆီးခံထားရသူတွေအား ပြန်လွှတ်ပေးဖို့ ညနေပိုင်း တောင်းဆိုရာမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကျည်အစစ်နဲ့ ထပ်မံဖြိုခွင်းပြီး ဖမ်းဆီးခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

စစ်တပ်နဲ့ရဲက ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦး ဒဏ်ရရှိခဲ့ပြီး အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး မိုးကုတ်မြို့က မြတ်စေတနာလူမှုကူညီရေးရုံးကိုလည်း ဝင်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ အသက်မပြည်သေးတဲ့သူ ၁၀ ယောက်လောက်ကို ၈ နာရီလောက်က ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကျန်တဲ့သူတွေကိုတော့ မြို့မရဲစခန်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ရေပူဆရာတော်ကို ဆန္ဒပြပွဲတွေ စလုပ်တဲ့အချိန်ထဲက ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတာလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular