မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မတ်လ ၁၀ ရက်နေ့အထိ စစ်အာဏာရှင်လက်အောက်မှာတာဝန်မထမ်းဆောင်လိုတာကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတဲ့ဌာန ၂၃ ခုထိ ရှိလာပြီလို့ မိုးကုတ် CDM ထောက်ပံ့ကူညီရေး ကော်မတီက သိရပါတယ်။
ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ သမဝါယမဦးစီး၊ တိုင်းရင်းဆေးရုံ၊ ပြည်တွင်းအခွန်များ၊ စီမံကိန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ဥပဒေရုံး၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေး/ကု၊ အားကာ၊ တိုင်းရင်းဆေးပညာ၊ သစ်တော၊ EPC၊ မိုးကုတ်တူးဖော်ရေး၊ လမ်းဦးစီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့စာရင်းအင်း၊ လဝက၊ စည်ပင်သာယာရေး၊ ရဲတပ်ဖွဲ့ စတဲ့ ဌာနတွေ ဝန်ထမ်းတွေ CDM မှာပူးပေါင်းပါဝင်လာကြတာပါ။
CDM လုပ်ဆောင်တဲ့ ဌာနတွေထဲမှာ ကျန်းမာရေးနဲ့ ပညာရေးဌာနက ဝန်ထမ်းတွေ ဖိ အားပေးခံရမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်က CDM ဝန်ထမ်းတွေအတွက် သိန်း ၅၀၀ ကူညီထောက်ပံ့ပေးခဲ့ပြီး ဆန်အိတ် ၁၅၀၀ ကိုလည်း ပေးထားတယ်လို့ ဆိုပါတယ်။
မိုးကုတ်က မဟုတ်တဲ့ တခြားနယ်က CDM ဝန်ထမ်းတွေကိုလည်း ထောက်ပံ့ငွေ ပေးအပ်ထားတယ်လို့ သိရပါတယ်။
CDM ထောက်ပံ့ငွေတွေကို မိုးကုတ်လူငယ်တွေကနေ အလှူခံပြီး ရှာကြတယ်လို့ သိရပါတယ်။