မန္တလေးတိုင်းအတွင်း ကိုဗစ်ကူးစက်မှုကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ယာယီပိတ်ထားတဲ့ အခြေခံပညာအဆင့်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ မတ်လ ၉ ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားချက် ထွက်ရှိလာတယ်လို့ အခြေခံပညာဝန်ထမ်းတွေဆီက သိရပါတယ်။
မန္တလေးတိုင်းအတွင်းက ခရိုင်ပညာရေးမှူးတွေအနေနဲ့ ခရိုင်အလိုက် အခြေခံပညာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို မတ် ၁၂ ရက်နေ့မှ စတင်ကာ [email protected] ကို အပတ်စဉ် တနင်္လာနေ့နဲ့ သောကြာနေ့တိုင်းမှာ နေ့လယ် ၁၂ နာရီအရောက် ပြန်လည်တင်ပြဖို့ ညွှန်ကြားလာတာလို့ သိရပါတယ်။
အဆိုပါညွှန်ကြားချက်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုယ်စား ညွှန်ကြားရေးမှူး ကျော်ဆွေ လက်မှတ်နဲ့ ညွှန်ကြားခဲ့တာလို့ သိရပါတယ်။
မန္တလေးတိုင်းမှာတော့ အခြေခံပညာဝန်ထမ်း အများအပြား CDM လုပ်ဆောင်နေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။
ဆန္ဒပြမှုမှာ ဦးဆောင်နေတဲ့ ပညာရေးဝန်ထမ်းတချို့ကိုလည်း စစ်တပ်နဲ့ ရဲက လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။