ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ပေပင်ကုန်းကျေးရွာ စာသင်ကျောင်းက ကျောင်းအုပ်ဆရာမ ဒေါ်အိအိဖြိုးပိုင်အေးကို ဒီကနေ့ မတ်လ ၁၀ ရက် မနက် ၁ နာရီလောက်မှာ ရဲနဲ့ စစ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဆရာမ ဒေါ်အိအိဖြိုးပိုင်အေးဟာ အာဏာဖီဆန် CDMပြုလုပ်ကာ သူ့ရဲ့ ဇာတိဖြစ်တဲ့ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့ ဘုရားကြီးလမ်း နေအိမ်မှာ နေထိုင်နေစဉ် ရဲနဲ့စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းလှမြို့နယ်မှာ ပညာရေးဝန်ထမ်း ၁၀၀၀ ကျော်ရှိရာ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာ ဆရာမ ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။