Thursday, June 8, 2023
Homeမြန်မာသတင်းမလွှကုန်း မီးရထားဝင်းထဲကို စစ်တပ်နှင့်ရဲက ဝင်ရောက်စီးနင်း

မလွှကုန်း မီးရထားဝင်းထဲကို စစ်တပ်နှင့်ရဲက ဝင်ရောက်စီးနင်း

ရန်ကုန် မလွှကုန်း မီးရထားစက်ခေါင်းစက်ရုံဝင်းထဲကို ဒီကနေ့ မတ်လ ၁၀ ရက် မနက် ၆ နာရီခွဲလောက်ကစပြီး  စစ်တပ်နဲ့ ရဲက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး CDM ဝန်ထမ်းတွေကို ဖမ်းဆီးနေပါတယ်။

 ဖမ်းဆီးမှုတွေကြောင့် ဝန်ထမ်းမိသားစုတွေလည်း ထွက်ပြေးနေကြရပြီး လတ်တလော ဝန်ထမ်း အရေအတွက်ဘယ်လောက် ဖမ်းဆီးခံရတယ်ဆိုတာ မသိရသေးပါဘူး။

နိုင်ငံတဝန်းမှာ မီးရထားဝန်ထမ်းတွေက အာဏာသိမ်းစစ်အုပ်စုကို အာခံတဲ့ CDM လှုပ်ရှားမှုမှာ ရာနှုန်းပြည့်နီးပါး ပါဝင်နေတာကြောင့် တစ်နိုင်ငံလုံးပြေးဆွဲနေတဲ့ မီးရထားခရီးစဉ်တွေလည်း ရပ်ဆိုင်းနေတာဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular