Monday, June 5, 2023
HomeLead Storyဓာတ်ဆီ၊ ဒီဇယ်အပါအ၀င် ကုန်စည်အချို့ကို လိုင်စင်လျှောက်ထားရန်မလိုဟု ကြေညာ

ဓာတ်ဆီ၊ ဒီဇယ်အပါအ၀င် ကုန်စည်အချို့ကို လိုင်စင်လျှောက်ထားရန်မလိုဟု ကြေညာ

ဆန်၊ ဆန်ကွဲ၊ ကြက်သွန် အပါအ၀င် ပို့ကုန်ကုန်စည်လိုင်း ၃၇ လိုင်း၊ ဓာတ်ဆီ၊ ဒီဇယ်အပါအ၀င် သွင်းကုန် ကုန်စည်လိုင်း ၇၂ လိုင်းကို မတ်လ ၈ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ လိုင်စင်လျှောက်ထားစရာမလိုဘဲ ယာယီဖြေလျှော့ ခွင့်ပြုပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ယာယီဖြေလျှော့ပေးမှုမှာ ပါ၀င်တဲ့ ကုန်စည်အမျိုးအစားတွေကတော့ ပို့ကုန်ပိုင်းမှာ  ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ ဆန်၊ ဆန်ကွဲ၊ သကြားအကြမ်း နဲ့ သန့်စင်ပြီးသကြား၊ သဘာ၀ရာဘာကုန်ကြမ်း၊ ဝါဂွမ်း စတဲ့ ကုန် စည်တွေပါ၀င်ပါတယ်။ 

သွင်းကုန်ပိုင်းမှာ ဓာတ်ဆီ၊ ဒီဇယ်၊ လုပ်ငန်းသုံးချောဆီ၊ ဆေးဝါးပစ္စည်း၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ စားသောက်ကုန်ကြမ်း၊ စားအုန်းဆီ၊ အဆီ၊ ပဲပုပ်စေ့၊ ဂျုံ နဲ့ဂျုံမှုန့်၊ ငါး၊အသားလွှာ စတဲ့ ကုန်စည်လိုင်းတွေ ဖြစ်ပါတယ်။

ဒီကုန်စည်တွေက နိုင်ငံဖွံ့ဖြိုးမှုအတွက် အဓိကတင်သွင်းနေရတဲ့ ကုန်စည်တွေဖြစ်တဲ့အပြင်၊ ကျန်းမာရေးကဏ္ဍကိုလည်း အထောက်အကူဖြစ်စေတာကြောင့်နဲ့ အဓိကတင်ပို့နေတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေလည်း ဖြစ်တာကြောင့် အခုလိုဖြေလျှော့ပေးခြင်းဖြစ်တယ်လို့ ကုန်သွယ် ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို ဖြေလျှော့ခွင့်ပြုရခြင်းရဲ့ အကြောင်းအရင်းကတော့ လတ်တလောအခြေအနေမှာ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တွေ လုပ်ငန်း အဆင်ပြေချော့မွေ့စေဖို့နဲ့ သွင်းကုန်လိုင်စင်ကြေးပေးသွင်းရမှု သက်သာစေဖို့အတွက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular