လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ( YESC ) လက်အောက်ကဝန်ထမ်း ၁၈၄၇ ဦးဟာ အာဏာဖီဆန် CDM မှာပါဝင်နေပြီး CRPH ရဲ့ ညွှန်ကြားချက်ကိုသာ လိုက်နာသွားမယ်လို့ ဒီနေ့ မတ်လ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
YESC ဥက္ကဋ္ဌ ကို ပေးပို့တဲ့ စာမှာ ဝန်ထမ်း ၁၈၄၇ဦး ရုံးတက်ဖို့ပျက်ကွက်နေတာဟာ အကြောင်းမဲ့ ပျက်ကွက်နေတာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် CDM လုပ်နေတာဖြစ်ကြောင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူ့ရွေးကောက်ခံအစိုးရ စီမံခန့်ခွဲချိန်မှသာ တာဝန်ပြန်လည်ထမ်းဆောင်မှာ ဖြစ်ကြောင်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကိုသာ တရားဝင်အစိုး ရအဖြစ်အသိအမှတ်ပြုပြီး CRPH ရဲ့ ညွှန်ကြားချက်ကိုပဲ လိုက်နာဆောင်ရွက်သွားမယ်လို့ စာမှာ ဖော်ပြထားပါတယ်။