သိန်းနီမြို့တွင် ပန်းချီကမ်းပိန်း ရေးဆွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေဝိုင်းရံပိတ်ဆို့ထားတဲ့ အကြားက ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး၊  WE WANT DEMOCRACY စာတန်းပန်းချီကမ်ပိန်းနဲ့ အထွေထွေသပိတ်ဆန္ဒပြပွဲကို မတ်လ ၈ ရက်မနက်ပိုင်းက လူအင်အား ၄၀၀ လောက်နဲ့ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တပ်တွေဝိုင်းရံနေတဲ့ကြားက ​ WE WANT DEMOCRACY ၊ စစ်အာဏာရှင် စနစ်အလိုမရှိ စာတန်းပန်းချီရေးဆွဲတာ၊ စတေကာဝေငှတာတွေပြုလုပ်ခဲ့သလို လွတ်လပ်ရေးကျောက်တိုင် (ပန်းခြံ)ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း ကြာကန်အထိ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့တာပါ။

"ဒီမြို့က စစ်ကောင်စီရဲ့တပ်တွေ ဝိုင်းရံထားတယ်။ ကျနော်တို့ဒေသခံတွေက စစ်တပ်မြင်ရင် ကြောက်နေရတယ်။ဒါကြောင့် အကြောက်တရားတွေ ဘေးဖယ်ပြီ စစ်အာဏာရှင်စနစ်ကို မလိုချင်လို့ လမ်းပေါ်ထွက် ဆန္ဒပြတာ" လို့ ဆန္ဒပြပွဲပါဝင်သူ တစ်ဦးက ပြောပါတယ်။

အထွေထွေသပိတ်ဆန္ဒပြပွဲမှာ  G-Z လူငယ်တွေ၊ CDM မှာ ပါဝင်တဲ့ ဆရာ ဆရာမတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မြို့ခံပြည်သူတွေနဲ့ မြို့နယ်အတွင်း ကျေးရွာက စစ်အာဏာရှင်စနစ်ကို အလိုမရှိတဲ့  ဒေသခံတိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up