တောင်ကြီးမြို့တွင် ဖမ်းဆီးခံ သတင်းသမား ၁ ဦး ပြန်လွတ်လာ

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မတ်လ ၈ ရက်မနက်က  သတင်းယူရင်း ဖမ်းဆီးခံရတဲ့ Eastern Review အယ်ဒီတာချုပ်ကို ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

သတင်းယူနေရင်း အဖမ်းခံထားရတဲ့ Eastern Review အယ်ဒီတာချုပ် စိုင်းဇင်ဒီဒီဇုံကို သတင်းသမားမှန်ကန်ကြောင်း တောင်ကြီးမြို့သတင်းသမားတွေက အတည်ပြုပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှ နေ့ခင်းပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်တာပါ။

ဖမ်းဆီးခံရစဉ်မှာ  ရိုက်နှက်ခံရတာမရှိသလို  အတင်းအဓမ္မစစ်ဆေးတာတွေလည်း မကြုံခဲ့ဘူးလို့ အဖမ်းခံရသူကပြောပါတယ်။

တောင်ကြီးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က ရပ်ကွက်ထဲအထိ အကြမ်းဖက် လိုက်လံဖြိုခွဲနေပေမဲ့ ပြည်သူတွေကတော့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up