ဒီနေ့အထိ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ဟာ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေပြီဖြစ်ပါတယ်။
တနိုင်ငံလုံးနီးပါးက မြို့အလိုက်ဝန်ထမ်းအင်အားစာရင်းကိုလည်း ဦးစီဌာနရဲ့ CDM လှုပ်ရှားမှုစာမျက်နှာကနေ ဖော်ပြနေပါတယ်။
“ညွှန်မှူးအဆင့်ကနေ ဒုညွှန်တွေ၊ ဦးစီးအရာရှိတွေ၊ နေ့စားအဆင့်ထိပါတယ်။ နောက်ထပ်လည်း တိုးလာနေတုန်းပဲ။ ဒီနေ့အထိရထားတဲ့ စာရင်းကတော့ ၁၀၉၉ ယောက်ပါ။ ဖိအားပေးတာမျိုးတာ့ သိပ်မရှိဘူး။ ဒါပေမဲ့ ခုနောက်ပိုင်း ခွင့်တွေမပေးတော့ဘူး” လို့ CDM လုပ်နေတဲ့ အရာရှိတယောက်က ပြောပါတယ်။
မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ဝန်ထမ်းတချို့ဟာ စစ်တပ်ကအာဏာသိမ်းတဲ့နေ့ကစလို့ ရုံးမသွားခဲ့ဘဲ နောက်နေ့တွေမှာတော့ ရုံးမသွားတဲ့ ဝန်ထမ်းတွေ ထပ်တိုးလာပြီး CDM လှုပ်ရှားမှုမှာ ပါလာခဲ့ကြတာပါ။ တနိုင်ငံလုံးအနေနဲ့ဆိုရင် ဒီဌာနမှာ ဝန်ထမ်း ၃၀၀၀ လောက်ရှိပါတယ်။