ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ဒီနေ့ မတ်လ ၈ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခံထားရတဲ့ဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြသူတွေကို ရဲတွေက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသား ၁ ဦး သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။
ကျဆုံးခဲ့တဲ့ အမျိုးသားက ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းမှာနေတဲ့ အသက် ၃၀ အရွယ် မောင်သီဟဦးဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ကျည်ဆန် ဝမ်းဗိုက်ထိမှန်ပြီး သေဆုံးခဲ့တာပါ။
ဖျာပုံသပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွဲခံရမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။