DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်းပေါင်းသောင်းချီရရှိထား
DVB
·
March 8, 2021
CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်းပေါင်းသောင်းချီရရှိထား
Donate to DVB

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) မှာ ပါဝင်နေကြတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ထမ်းတွေအတွက် ဝိုင်းကြီးချုပ် CDM ထောက်ပံ့ရေးအဖွဲ့အစည်းတွေက ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ငွေစာရင်း  အကျဉ်းချုပ်ကို ထုတ်ပြန်ထားပါတယ်။

အဆိုပါ စာရင်းထဲမှာတော့ မတ် ၃ ရက်နေ့အထိ ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ပြည်သူ့ဝန် ထမ်းစုစုပေါင်း ၉၇၆၂ ယောက်နဲ့ ကောက်ခံရရှိတဲ့အလှူငွေကျပ်သိန်းပေါင်း ၁၂၇၀၈ သိန်း   ဝန်းကျင်၊ ထောက်ပံ့ငွေကျပ်သိန်းပေါင်း ၁၁၄၆၅ သိန်းဝန်းကျင်ရှိခဲ့ကြောင်း ဖော်ပြထားတာပါ။

CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးဖို့အတွက် ဝိုင်းကြီးချုပ် မိတ်ဖက်အဖွဲ့ အ စည်းတွေအနေနဲ့ 21 Savage MM ၊ CDM Doctor Network ၊ GO FUND ME ၊ ၂ /၂၀၂၁ ခိုင်မြဲသောလက်များ ၊ Funding 4 #CDM ၊ For Our People ၊ Myanmar Resistance ၊ We Support Heroes ၊ Padamyar Group ၊ GWSM - Get Well Soon Myanmar Platform ၊ ပီတိ - PiTi ၊ Together We Win ၊ Connect 21 ၊ We Pledge CDM ၊ CDM Call Center ၊ Iris for Wisdom, Hope, Trust, Valor ၊ CDM Medium ၊ ရုန်းထွက်စို့ ၊ ထိုးမုန့်လူငယ်များအဖွဲ့စတဲ့ အဖွဲ့ ၁၉ ဖွဲ့ပါဝင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ လက်ကျန် ငွေကျပ်သိန်းပေါင်း ၁၂၀၄၂ သိန်း ဝန်းကျင် ထပ်မံထောက်ပံ့ပေး ဖို့ လျာထားငွေကြေးပမာဏကတော့ ကျပ်သိန်းပေါင်း ၁၄၆၄၃  သိန်းဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောအနေအထားအရ CDM ပြုလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့  စာ ရင်းကိုလည်း ဝိုင်းကြီးချုပ်မိတ်ဖက်အဖွဲ့အစည်းတွေက CRPH နဲ့ သက်ဆိုင်ရာ မြို့နယ်အ ဖွဲ့အစည်းတွေကို ချိတ်ဆက်ပြီး စနစ်တကျပြုလုပ်နေတာဖြစ်တဲ့အတွက် စာရင်းထပ်တာ၊ စာရင်းကျန်တာမျိုးတွေအတွက်လည်း အလွန်အမင်း စိုးရိမ်ပူပန်ကြတာမျိုးမပြုလုပ်ကြဖို့ လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013