စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မှာ မတ် ၇ ရက်နေ့ ည ၁၀ နာရီအချိန်အထိ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်ခြင်းမပြုလိုလို့ စစ်အာဏာဆန့်ကျင် CDM ပြုလုပ်လာတဲ့ ထွေ/အုပ်ဝန်ထမ်း ၁၆ ဦးအထိရှိပြီး ဒု ဦးစီး ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့က ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးတွေအနေနဲ့ သမာသမတ်ကျကျ ကြိုးစားပြီးလုပ်ကိုင်ခဲ့တယ်။ ဒါကို မဲလိမ်တယ်၊ မဲခိုးတယ်၊ မဲစာရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့ စစ်အာဏာသိမ်းလိုက်တယ်။ လုံးဝ မဖြစ်သင့်တဲ့ကိစ္စ ပြည်သူလူထုရဲ့ဆန္ဒရော ကျနော်တို့ကိုရော ပြောင်ပြောင်တင်းတင်း စော်ကားလိုက်လို့ စစ်ကောင်စီရဲ့လက်အောက် တာဝန်မထမ်းဆောင်လိုလို့ CDM မှာ ပါဝင်ကြတာပါ။ အရပ်သားအစိုးရ ပြန်အုပ်ချုပ်ပြီဆိုရင်တော့ ကျနော်တို့ တာဝန်တွေ ပြန်ပြီး ထမ်းဆောင်မှာပါ”လို့ ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်အာဏာသိမ်းခဲ့တာကြောင့် လူတန်းစား အလွှာအသီးသီးနဲ့ ဝန်ထမ်းတွေကလည်း ပုံစံအမျိုးမျိုးနဲ့ အခုချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင် တော်လှန်နေကြတာ ဖြစ်ပါတယ်။။