ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှာ လူယ်ငယ်တွေ ဦးဆောင်ပြီး လူတန်းစားအလွှာပေါင်းစုံပါဝင်တဲ့ အင်အား ၁ သိန်းဝန်းကျင်ရှိ သပိတ်စစ်ကြောင်းဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မတ်လ ၇ ရက်နေ့မှာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဒီကနေ့ မနက် ၉ နာရီကနေ စတင်ခဲ့ကြပြီး မြို့ထဲက ပန်းပဲတန်းရပ် နတ်မော်လမ်းနဲ့ ဝေလာပတ်လမ်းစုံက စတင်ပြီး ဟင်္သာရုပ်အဝိုင်း ဦးဝိစာရလမ်း၊ တက္ကသိုလ်လမ်း၊ မြို့ပတ်လမ်းအတိုင်း ချီတက်ဆန္ဒပြကြပြီး ဝေလာပတာဆုံလမ်းဆုံမှာ အေးချမ်စွာ အဆုံးသတ်နိုင်ခဲ့ကြပါတယ်။
ဒီကနေ့ ဟင်္သာတမြို့က ဆန္ဒပြသူတွေဟာ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြသလို R2P ကို ထောက်ခံတဲ့ဆိုင်းဘုတ်တွေကိုလည်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
ဟင်္သာတခရိုင်ထဲက ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဇလွန် စတဲ့ မြို့နယ်တွေမှာလည်း စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ - ခင်မောင်ဌေး