ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယားကန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြနေတဲ့ပြည်သူတွေကို စစ်တပ်နဲ့ရဲ အင်အားအလုံးအရင်းနဲ့ သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လိုက်လံဖမ်းဆီးနေပါတယ်။
ဆန္ဒပြည်ကျောင်းသားပြည်သူတွေကို မိုက်နဲ့ လူစုခွဲဖို့၊ သတင်းမီဒီယာသမားတွေကိုလည်း ဘေးအန္တရာယ် ကျရောက်နိုင်တာကြောင့် ဘေးလွတ်ရာ ရှောင်ကြဖို့ ကြေညာပြီးနောက် မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။
လက်ရှိမှာတော့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြပြည်သူတွေကတော့ ပစ်ခတ်ဖြိုခွင်းနေပေမယ့် ဒိုင်းကာတွေ ကိုင်ဆောင်ပြီး သပိတ်သပိတ်မှောက်မှောက်၊ အရေးတော်ပုံအောင်ရမယ်၊ လွိုင်ကော်သားတွေ ညီတယ်ဟေ့ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
ဒါ့အပြင် လမ်းတွေပေါ်မှာ ဆန္ဒပြပြည်သူတွေက အတားအဆီးတွေချပြီး ပိတ်ဆို့နေကြသလို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေ အချက်ပေါင်းများစွာနဲ့ ပစ်ခတ်ပြီး ဖြိုခွင်းနေပါတယ်။