Home
မြန်မာသတင်း
အရှေ့တောင်အာရှ အကောင်းဆုံးစာပေဖန်တီးမှုဆု မောင်စိန်ဝင်း (ပုတီးကုန်း ) ရရှိ
နန်းမြနဒီ
·
October 16, 2013
ထိုင်းနိုင်ငံက နှစ်စဉ် ချီးမြှင့်ပေးနေတဲ့ အရှေ့တောင်အာရှအကောင်းဆုံး စာပေဖန်တီးမှုဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရရှိခဲ့ပါတယ်။ ဒီနှစ်အတွက် အရှေ့တောင်အာရှအကောင်းဆုံး စာပေဖန်တီးမှုဆုတွေ ရွေးချယ်ရာမှာ အာဆီယံ ၁၀ နိုင်ငံက စာပေပညာရှင် ၁၀ ဦးစလုံး ရရှိခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲက ကျင်းပခဲ့ပြီး ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီ သီရိဒုံက ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ဒီဆုကို အရှေ့တောင်အာရှနိုင်ငံတွေက အရေးအသားနူးညံ့ ထက်မြက်ထူးချွန်တဲ့ စာရေးဆရာတွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ပေးအပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာ ထိုင်းနိုင်ငံ အိုရီယန်ဟိုတယ်ပိုင်ရှင်ကနေ စတင် ထောက်ပံ့ပြီး အဲဒီနောက်ပိုင်း ထိုင်းအဲယားဝေးလေကြောင်းလိုင်းနဲ့ ဘန်ကောက်ဘဏ် အစရှိတဲ့ ထိုင်းလုပ်ငန်းရှင်တွေကပါ ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စာရေးဆရာတွေလည်း ဒီဆုကို ရရှိခဲ့ကြတာမှာ မောင်စိန်ဝင်း (ပုတီးကုန်း) ကတော့ ပဉ္စမမြောက်ဆုရှင် ဖြစ်ပါတယ်။ ဒီဆုကို စာရေးဆရာ ဆင်ဖြူကျွန်း အောင်သိန်းက ၁၉၉၈ ခုနှစ်၊ ဆရာကျော်အောင်က ၁၉၉၉ ခုနှစ်၊ ဆရာမကြီး ဒေါ်ရင်ရင် ခေါ် စောမုံညင်းက ၂၀၀၀ ခုနှစ်နဲ့ ဆရာ တက္ကသိုလ်ထင်ကြီး တို့က ၂၀၀၁ ခုနှစ်တွေမှာ အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံနားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024