DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုချက်ချင်းရပ်ရန် ဒုကာချုပ်ကို အမေရိကန်သံအမတ် ဖုန်းဆက်ပြော
DVB
·
March 5, 2021
အကြမ်းဖက်မှုချက်ချင်းရပ်ရန်  ဒုကာချုပ်ကို      အမေရိကန်သံအမတ် ဖုန်းဆက်ပြော
Donate to DVB

အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို မတ်လ ၅ ရက်က ဖုန်းနဲ့ဆက်သွယ်ပြီး လူပေါင်း ၄၉ ဦးသေဆုံးခဲ့ရပြီဖြစ်တဲ့  ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်နေမှုအား ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊  ဆက်သွယ်ရေးစနစ်ဖြတ်တောက်နေမှုရပ်တန့်ဖို့နဲ့  ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ပြန်လည်အသက်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။ 

အာဏာသိမ်းမှုကြောင့်ကြုံတွေ့ရမယ့် စီးပွားရေးထိခိုက်မှုနဲ့ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုခံရမယ့် အရေးနဲ့ပတ်သက်လို့လည်း  အထူးအလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။တပ်မတော်အနေနဲ့  လက်ရှိသွာနေတဲ့ လမ်းကြောင်းကို နောက်ပြန်လှည့်ဖို့လည်း အမေရိကန် သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သိရပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013