Home
မြန်မာသတင်း
ကျောက်ဖြူ တပ်မတော်ထောက်ခံပွဲတွင် နေ့စားခပေး ခေါ်ယူထားသူများ ပါဝင်
DVB
·
March 5, 2021
157234915_1854674024680176_8887984552304322613_n

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒီနေ့မနက်က တပ်မတော်ထောက်ခံပွဲတစ်ခုကို လူ ၇၀ ဝန်းကျင်က ပြုလုပ်ခဲ့ကြရာမှာ စစ်မှုထမ်း မိသားစုဝင်တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ဘေးတွဲမောင်းသူတချို့က ပါဝင်ခဲ့ကြပြီး နေ့စားငွေရယူကာ ပြုလုပ်ကြတာလို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့ဒေသခံ တဦးက  “ကျနော်တို့ ဒီနေ့တွေ့လိုက်ရတဲ့ လူတွေကတော့ သူရဲ့စစ်သားမိသားစုဝင်တွေရယ်၊ စစ်သားအမျိုးတွေရယ်၊ ပြီးတော့ စစ်သားအမျိုးတွေထဲမှာ ကယ်ရီမောင်းတဲ့သူတွေရယ်၊ မယ်သီလရှင်တစ်ယောက်တော့ ပါတယ်၊ ကျန်တဲ့ဟာတွေကတော့ ပါတီထဲက လူတချို့ကိုတွေ့လိုက်တာပေါ့။ အဲဒီမှာပါတီဝင်အတွင်းကဆိုပြီးတော့ သူတို့ခေါင်းကြီးပိုင်းတွေလည်း ပါတာကို တွေ့လိုက်ပါသေးတယ်၊ ကျနော်တို့မြို့ခံတွေကတော့ စစ်တပ်ကိုမကြိုက်ကြဘူး၊ ဒါကြောင့်ဒေသခံတွေမပါဝင်ကြဘူးပေါ့။ သူတို့ကို ပိုက်ဆံပေးဖို့ရုံးကို ခေါ်တာတွေ့ရတယ်၊ ပြီးရင်ပိုက်ဆံတွေကို ခွဲယူနေကြတာကိုတွေ့ခဲ့ရတာပေါ့” လို့ ပြောပါတယ်။

အခုလို တပ်မတော်ထောက်ခံပွဲပြုလုပ်ရာမှာ ဆိုင်ကယ်ဘေးတွဲမောင်းသူတွေကို နေ့စားခပေး ကာခေါ်ယူဆန္ဒဖော်ထုတ်ခဲ့တယ်ဆိုတဲ့ ကျောက်ဖြူမြို့ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တပ်မတော်ထောက်ခံပွဲဦးဆောင်သူ ဦးစိန်တင်ကို ဆက်သွယ်ခဲ့ရာ မရှိဘူးလို့ မိသားစုဝင်က ပြောပါတယ်။

အဆိုပါတပ်မတော်ထောက်ခံပွဲပြုလုပ်ပွဲကို မြို့ခံတွေအနေနဲ့ ပါဝင်မှုမရှိသလို ပါဝင်သူ အများစုမှာလည်း  အခကြေးငွေနဲ့ ငှားရမ်းခေါ်ယူခဲ့သူတွေသာ ဖြစ်တယ်လို့ ကျောက်ဖြူမြို့ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024