DVB Logo
Home
နိုင်ငံရေး
မြန်မာလူထုကို R2P အရ ကာကွယ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆို
DVB
·
March 5, 2021
မြန်မာလူထုကို R2P အရ ကာကွယ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆို
Donate to DVB

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် မတရားဖမ်းဆီးထောင်ချခံနေရတဲ့ မြန်မာပြည်သူတွေအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  Responsibility to Protect  R2P  အရ အကာကွယ်ပေးဖို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက လုံခြုံရေးကောင်စီထံ တောင်းဆိုလိုက်ပါတယ်။ 

မြန်မာနိုင်ငံရဲ့  လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ တံခါးပိတ် အစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်ထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက  မတ်လ ၄ ရက်နေ့စွဲနဲ့ စာရေးသားပေးဖို့ တောင်းဆိုလိုက်တာပါ။ 

မြန်မာပြည်သူတွေ နောက်ထပ် လူ့အခွင့်အရေးမချိုးဖောက်ခံရလေအောင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့အညီ ကာကွယ်ပေးရန် တာဝန်ရှိမှု (Responsibility to Protect)   အရ သက်ဆိုင်ရာဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်တွေကိုသာမက စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့နဲ့  မြန်မာစစ်တပ်ထံ လက်နက်တင်ပို့မှုကို လုံးဝပိတ်ပင်တားဆီးပေးဖို့ လည်း တိုက်တွန်းထားပါတယ်။

ပြည်သူတွေအပေါ် စစ်တပ်က အင်အားမသုံးဖို့ ၊ ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူအပြစ်ပေးဖို့ နဲ့ စစ်ရာဇတ်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်သူတွေ အပြစ်ကနေ လွတ်မနေအောင်ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုပါတယ်။ 

နိုင်ငံတစ်နိုင်ငံမှာ စစ်ရာဇဝတ်မှုကျူးလွန်တာနေတဲ့အပေါ် အစိုးရက ပြည်သူလူထုကို အကာအကွယ်မပေးနိုင်တော့တဲ့အခါ  နိုင်ငံတကာမိသားစုတွေက  R2P  ကူညီကာကွယ်ပေးဖို့ တာဝန်ရှိကြောင်း ကုလသမဂ္ဂပဋိညာဉ်မှာသတ်မှတ်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုံးမုန်တိုင်းဝင်ရောက်ပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ သေဆုံးပြီး သန်းနဲ့ချီတဲ့ မိသားစုတွေ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးနေချိန်မှာ မြန်မာစစ်အစိုးရက အကူအညီအကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက်   R2P အရ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013