အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (NMDC) ကို ၁၀၀ ရာခိုင်နှုန်း CDM ကောလိပ်အဖြစ် မတ်လ ၄ ရက်က ကြေညာလိုက်ပါတယ်။
မတ်လ ၄ ရက် ညနေပိုင်းက 'NMDC သည် 100 % CDM ကောလိပ်ဖြစ်သည်' ဆိုတဲ့ စာသားတွေကို ကျောင်းခြံစည်းရုံးရဲ့ နေရာအနှံ့မှာ ကျောင်းသား/သူတွေက ရိုက်နှိပ်ခဲ့ကြပါတယ်။
မတ်လ ၃ရက်က ကျောင်းအုပ်ကြီးနဲ့ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားကိုယ်စားလှယ်အဖွဲ့နဲ့ ကျောင်းသား/သူဟောင်းတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ကြီးက စစ်အုပ်စုနဲ့ လက်တွဲဖို့ အစီအစဉ်လုံးဝမရှိတဲ့အတွက် ရုံးလုံဝမတက်တော့ဘဲ CDM ပါဝင်ဖို့ ပြောကြားခဲ့တယ်လို့ ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။
ကျောင်းသားသမဂ္ဂကလည်း CDM ပါဝင်သော ကျောင်းဖြစ်ကြောင်းကို မတ်လ ၃ ရက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဆရာ/မတွေနဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ထောက်ပံ့ပေးနိုင်ဖို့ တက်ရောက်ဆဲ ကျောင်းသား/သူတွေ၊ ကျောင်းသား/သူဟောင်းတွေနဲ့ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။