စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာ ၀န်ထမ်းဆောင်နေတဲ့ ဒုတိယဦးစီးအပါအဝင် ၉ ယောက်ဟာ မတ် ၄ ရက်နေ့က CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။
စစ်တပ်ရဲ့ မတရား အကြမ်းဖက် အာဏာသိမ်းလုပ်ရပ်အပေါ် ကန့်ကွက်တဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်လာတာလို့ CDM ပါဝင်လာတဲ့ ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ဟာ ပြည်သူ့ဝန်ထမ်းတွေပါ ပြည်သူ့တွေ မတရားခံနေရတဲ့အတွက် CDM လုပ်ခဲ့တယ်။ အာဏာသိမ်းစစ်တပ်အောက်မှာ အလုပ်မလုပ်ဖို့ ဝန်ထမ်းတွေအားလုံးကို တောင်းဆိုပါတယ်။”
ပြည်သူ့တင်မြှောက်တဲ့ အစိုးရလက်ထက်မှသာ မှုလတာဝန်တွေကို ထမ်းဆောင်သွားမယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။