Monday, June 5, 2023
HomeLead StoryCDM သူရဲကောင်းများသို့ အနုပညာရှင်များလှူဒါန်းငွေ သိန်း ၁၀၀ ကျော်ရှိ

CDM သူရဲကောင်းများသို့ အနုပညာရှင်များလှူဒါန်းငွေ သိန်း ၁၀၀ ကျော်ရှိ

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) မှာ ပါဝင်နေကြတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ထမ်းတွေအတွက် အနုပညာရှင်တွေက 21 Savage MM အဖွဲ့မှတဆင့် အလှူငွေတွေ လှူဒါန်းထားကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ နွေဦးတော်လှန်ရေး အောင်မြင်ရေးအတွက် CDM သူရဲကောင်းတွေကို ကူညီထောက်ပံ့နိုင်ဖို့ “ပြည်သူ့ပေး – Pyi Thu Pay” Public Fundraising Campaign ကတဆင့် အလှူငွေတွေ လှူဒါန်းပေးကြတဲ့ အနုပညာ ညီအစ် ကိုမောင်နှမတွေအားလုံးကို ကျေးဇူးတင်ကြောင်း စာရင်းနဲ့ဖော်ပြထားခဲ့တာကို တွေ့ရပါ တယ်။

ဒီလှူဒါန်းမှုမှာတော့ သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်က လှူဒါန်းငွေကျပ် သိန်း ၂၀ နဲ့အများဆုံးပါဝင်ကာ ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်တို့က ကျပ် ၁၀ သိန်းစီ၊ ဟန်နီနွေဦးက ကျပ် ၁၅ သိန်း၊ ဂျက်စီကာဒါဒါက ၃ သိန်းနဲ့ တခြားအနုပညာရှင် တွေလည်း ပါဝင်လှူဒါန်းထားကြတာဖြစ်ပြီး စုစုပေါင်း ကျပ် ၁၀၇ သိန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်း ဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေး လောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular