ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၆ သန်းကျော်ရှိလာ၊ သန်းချီကူးစက်ခံ ၂၁ နိုင်ငံရှိ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၆ သန်းကျော်ရှိလာခဲ့ ပြီး သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံရှိနေပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၅၇ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၉၁ ဒသမ ၆ သန်းကျော် ရှိနေ တာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၉ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျေိာ်နဲ့ ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၁၁ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျေိာ်နဲ့ ရှိနေတာ ဖြစ်ပါ တယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ သန်း ကျော်၊ သေဆုံးသူ ၂ သိန်းခွဲကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံ အနေနဲ့ အသီးသီး ရပ်တည် နေပါ တယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်း ကျော်စီ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ အီတလီ၊ တူရကီ၊ ဂျာ မနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ ပီရူး၊ ချက်သမ္မတနိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရော ဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၉၄၃ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၈၅ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနဲ့ အီရတ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၇ သိန်းခွဲကျော်စီ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ် ၄ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစု ပေါင်း ၁၄၂,၀၀၀ ယောက်၊ သေဆုံး သူ ၃,၂၀၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၃၁,၅၇၁ ယောက်ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေ ပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၇,၉၄၃ ယောက်နဲ့ သေဆုံးသူ ၁,၁၅၃ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၉၉၈ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၆,၁၆၂ ယောက်နဲ့ သေဆုံးသူ ၈၅ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၄၈၈ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၇ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၉၀၉ ယောက်နဲ့  ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မ ရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up