မိုးကုတ်တွင် တားဆီးပိတ်ပင်မှုများအကြားမှ ပြည်သူအင်အားသောင်းချီ ငြိမ်းချမ်းစွာ ဆန္ဒပြ
DVB
·
March 4, 2021
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့သပိတ်စစ်ကြောင်းကို ရဲအင်အားအလုံးအရင်းနဲ့ လိုက်လံပိတ်ပင်တားဆီးပေမယ့် ပြည်သူသောင်းချီ ငြိမ်းချမ်းစွာ ဆန္ဒပြ နေပါတယ်။
ရဲအင်အား ၇၀ ကျော်နဲ့ စစ်သား ၂၀ ဝန်းကျင်ဟာ မြို့ထဲမှာ ရဲကား စစ်ကားနဲ့ပတ်ပြီး ပြည်သူ့သပိတ်စစ်ကြောင်းကို လိုက်လံပိတ်ပင်တားဆီးခဲ့တာဖြစ်ပြီး ပြည်သူတွေဟာ လမ်းလွှဲက သွားတာကြောင့် ထိပ်တိုက်မတွေ့ပဲ ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့ပါတယ်။
ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ပြန်မလွတ်မချင်းဆန္ဒပြမှာဖြစ်တယ်လို့ သပိတ် ကော်မတီကပြောပါတယ်။