Live
Home
မြန်မာသတင်း
သံတွဲပဋိပက္ခ ဖမ်းထားသူ ၅ ဦးကို ပြန်လွှတ်
DVB
·
October 15, 2013
သံတွဲပဋိပက္ခမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆပြီး ထိန်းသိမ်းထားသူ ၅ ဦးကို စစ်ဆေးမှုမှာ ပါဝင်ပတ်သက်မှုမရှိလို့ ပြန်လွှတ်ပေးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပဋိပက္ခအတွင်း မီးရှို့၊ လူသတ် သံသယနဲ့ ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်းထားသူ ၇၈ ဦးအနက် ၅ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းက ဆိုပါတယ်။ စစ်ဆေးချက်အရ လူသတ်မှုနဲ့ ဖြောင့်ချက်ပေးသူ ၆ ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ စစ်ဆေးချက်တွေအရ လင်းသီကျေးရွာမှာ ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ ၄ ဦး၊ သပြုခြံကျေးရွာက ၅ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ ၂ ဦးနဲ့ မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစုပေါင်း ၃၄ ဦးတို့ကို တရားဥပဒေနဲ့ အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေပြီး ကျန်ရှိနေသူတွေကို စစ်ဆေးဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သံတွဲမြို့ ပဋိပက္ခအတွင်း လူ ၇ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် ၁၁၂ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ဆီဂိုဒေါင် ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုံးကာ အိမ်ထောင်စု ၁၁၂ စု၊ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024