Home
မြန်မာသတင်း
ပုသိမ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွင်း
DVB
·
March 4, 2021
156492175_1061925650958444_4340220052855235455_o
155922331_1061925264291816_479593796602127082_o
155373208_1061925117625164_4869983529969176447_o
155132201_1061925047625171_4286148667020047657_o
154945299_1061925187625157_2665881662572085001_o

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၄ ရက်နေ့က စစ်အာဏာရှင် စနစ်ကျဆုံးရေး ချီတက်ဆန္ဒပြသူတွေကို အမှတ် ၆ ရပ်ကွက်အရောက်မှာ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ပစ်ခတ်ပြီး ဖြိုခွင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူတွေက စုပေါင်းပြီး ဆက်လက် ဆန္ဒပြနေတာလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လမ်းပိတ်ဆို့တာတွေ ပြုလုပ်နေတဲ့အတွက် ဆန္ဒပြတဲ့လူတွေဟာ မြို့ပေါ်ရပ်ကွက်တွေ၊ လမ်းကြားတွေမှာ လှည့်လည်ဆန္ဒပြနေရပါတယ်။

ရဲတပ်ဖွဲ့က လူစုခွဲဖို့အတွက် ရဲကားတွေနဲ့ ရေအမြှောက်ကားတွေနဲ့ လိုက်လာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက လမ်းတွေကို အတားဆီးတွေနဲ့ ပိတ်ဆို့တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူတွေ တိမ်းရှောင် ထွက်ပြေးခဲ့ကြရပြီး သေဆုံး ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

မင်းထက်မုန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024