Thursday, June 8, 2023
HomeLead Storyလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းထားသူများကို ရိုက်နှက်ညှဉ်းပန်းသည့် ရုပ်သံထွက်ပေါ်

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းထားသူများကို ရိုက်နှက်ညှဉ်းပန်းသည့် ရုပ်သံထွက်ပေါ်

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လူအချို့ကို ဖမ်းဆီးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ကာ ကျနော် စစ်ခွေး… ဆိုပြီး အော်ခိုင်းတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ တင်ထားပါတယ်။ 

ရုပ်သံဖိုင်ထဲမှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားတာ မြင်တွေ့ရပါတယ်။

ဖမ်းဆီးထားသူတွေကို ခြေတောက်နဲ့ကန်တာ၊ တုတ်တွေနဲ့ ရိုက်နှက်နှိပ်စက်တာ တွေ့ရသလို တဖက်ခြမ်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုက်မိုက်ရိုင်းရိုင်းနဲ့ ပုံစံမျိုးစုံပြကာ သေနတ်တွေနဲ့ ချိန်ကာ လာခဲ့ဆိုပြီး စိန်ခေါ်နေတာလည်း တွေ့ရပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ဖမ်းဆီးခံထားရတဲ့ သူလေး ဦးထဲကို လူငယ်တဦးကို ခေါ်ထုတ်ပြီး ရိုက်နှက်က ဆန္ဒပြသူတွေကြားအောင် မိုက်နဲ့ ကျနော် စစ်ခွေး…..ဆိုပြီး အော်ခိုင်းနေတာကိုလည်း ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေအိမ်တခုအတွင်း ဝင်ရောက်ပြီး အနီရောင် ခမောက်တွေကို ခြေတောက်တွေနဲ့ကန်ပြီး လွှတ်ပစ်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular