Home
မြန်မာသတင်း
မုံရွာတွင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၆ ဦးသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ
DVB
·
March 3, 2021

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် အနည်းဆုံး ၆ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရတယ်လို့ အခင်းဖြစ်နေရာမှာ သတင်းယူနေတဲ့ ဒီဗွီဘီ နယ်ခံ သတင်းထောက်က ပြောပါတယ်။

ပြည်ထောင်စုလမ်းနဲ့ အောင်မဟာလမ်းထောင့် ဘုရားနီလမ်းဆုံမှာ မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး အဓိကသပိတ်စစ်ကြောင်းကို ရဲ့နဲ့ စစ်တပ်အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ မနက် ၁၁ နာရီခွဲလောက်မှာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တာလို့ ဆိုပါတယ်။

“အနည်းဆုံး ၅ ယောက်သေဆုံးတယ်။ ဒါတောင် ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့က တရွတ်တိုက်ဆွဲသွားတဲ့သူ ၂ ယောက်မပါသေးဘူး။ မုံရွာသပိတ်ကော်မတီဘက်က ပြန်ပြီး ဆွဲခေါ်လာနိုင်တဲ့ ၂ ယောက်ကတော့ အခြေအနေ မစိုးရိမ်ရဘူး။ ဒီနေ့ညနေ ၄ နာရီခွဲ နောက်ဆုံးရရှိတဲ့ သတင်းအရ ပစ်ခတ်ခံရသူ ၁ ဦး ထပ်မံသေဆုံးသွားတယ်၊ စုစုပေါင်း ၆ ဦး ရှိသွားပြီ။” 

အခင်းဖြစ်နေရာမှာ ဒီနေ့ညနေ ၄ နာရီခွဲအထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိနေဆဲဖြစ်သလို ဆန္ဒပြသူ စစ်ကြောင်းအချို့လည်း ဆက်လက် ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024