Home
မြန်မာသတင်း
ဂန့်ဂေါနယ် ရှုံးရှီရွာကို ရဲနှင့်စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျည်မျိုးစုံဖြင့်ပစ်ခတ်
DVB
·
March 3, 2021
GantGaw crackdown at Night 1
GantGaw crackdown at Night 2
GantGaw crackdown at Night 9
GantGaw crackdown at Night 10
GantGaw crackdown at Night 11
GantGaw crackdown at Night 12

မကွေးတိုင်း၊ ဂန့်ဂေါနယ်၊ ရှုံးရှီရွာကို မတ် ၂ ရက်ညက ရဲနဲ့  စစ်ကား ၇ စီးရောက်ရှိလာပြီး ည ၁၀ နာရီလောက်မှာ ကျေးရွာပြည်သူတွေကို မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေနဲ့ ခြောက်လှန့်ပစ်ဖောက်ခဲ့လို့ ရွာသား  ၄ ဦး ရာဘာကျည်ထိ မှန်ခဲ့ပါတယ်။

ဆန္ဒပြရာမှာ ဦးဆောင်သူလို့ ယူဆသူ ကျေးရွာသား  ၈ ဦးကို လာဖမ်းပေးဖို့  သတင်းပေးသူရှိလို့  လာရောက် ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

မနေ့ညဖြစ်စဉ်အတွင်း မြို့နယ်ရဲမှူး၊ စခန်းမှူး၊ ရဲအင်အား ၄၀ ခန့် ၊ စစ်သား ၃၀ ခန့်၊ စုစုပေါင်း ၇၀ ဦးကျော်ရှိပြီး ရဲယူနီဖောင်းဝတ် စစ်သားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကျေးရွာပြည်သူအင်အားနဲ့ တန်ပြန်ပိတ်ဆို့ရာကနေ ရဲ၊ စစ်သားတွေက မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တွေ ၁၀ နာရီကနေ ပစ်ဖောက်ခဲ့တာပါ။

ဒါ့အပြင် လမ်းတလျှောက် ဂန့်ဂေါမြို့အတွင်းအထိ ည ၂ နာရီလောက် အထိ သေနတ်နဲ့ အချက်ပေါင်းများစွာ  ပစ်ဖောက်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024