ပဲခူးမြို့နေရာအနှံ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများဆန္ဒပြ
DVB
·
March 3, 2021
ပဲခူးမြို့မှာ ဒီကနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေးပင်မ သပိတ်စစ်ကြောင်းကြီးက ရွှေမော်ဓောဘုရား တောင်ဘက်မုဒ်မှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသလို လမ်းသွယ်တွေထဲမှာ လည်း အစုအလိုက်ဆန္ဒပြနေကြတာ တချို့ကလည်း ရပ်ကွက်လမ်းထိပ်တွေမှာ စုဝေး ဆန္ဒပြတာတွေ ရှိပါတယ်။
ရွှေမော်ဓောဘုရားလမ်းနဲ့ ဆံတော်တွင်းလမ်းအပါအဝင် လမ်းမတွေပေါ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံတွေကို လမ်းမတွေပေါ်မှာ Generation Z အဖွဲ့တွေကနေ ကပ်ထားတာတွေလည်းအများအပြားတွေ့နေရပါတယ်။