ရန်ကုန်- ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး ခရီးစဉ်ကို ဈေးနှုန်း လျော့ပြေးဆွဲမည်

မြန်မာ့လေကြောင်းနဲ့ ဒိန်းမတ်အခြေစိုက် World Ticket ကုမ္ပဏီ ပူးပေါင်းပြီး ရန်ကုန်- ညောင်ဦး၊ မန္တလေးနဲ့ ဟဲဟိုးခရီးစဉ်ကို ဈေးနှုန်းလျော့ ပြေးဆွဲမယ်လို့ လက်မှတ်အရောင်း အေးဂျင် တာဝန်ယူထားတဲ့ ဧရာဝတီခရီးသွားလုပ်ငန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိ အဲပုဂံက ရန်ကုန်- ဟဲဟိုး ခရီးစဉ်တကြောင်း မြန်မာနိုင်ငံသား ကျပ် ၅ သောင်း ၈ ထောင်၊ နိုင်ငံခြားသား အမေရိကန်ဒေါ်လာ ၉၀ ပြေးဆွဲနေတဲ့ ခရီးစဉ်ကို မြန်မာ့လေကြောင်းနဲ့ ဒိန်းမတ်ကုမ္ပဏီက အောက်တိုဘာလကုန်အထိ အထူးနှုန်း မြန်မာနိုင်ငံသား ကျပ် ၃ သောင်း ၃ ထောင်၊ နိုင်ငံခြားသား ၅၅ ဒေါ်လာနဲ့ ပြေးဆွဲမယ် ဖြစ်ပါတယ်။ အခြား အထူးခရီးစဉ်တွေအဖြစ် ရန်ကုန် - မန္တလေး ၃ သောင်း ၅ ထောင် ကျပ်၊ ရန်ကုန်- ညောင်ဦး ၃ သောင်း ၃ ထောင် ကျပ်ဖြစ်ပြီး နိုင်ငံခြားသားတွေကတော့ ရန်ကုန်- မန္တလေး ၅၉ ဒေါ်လာ၊ ရန်ကုန်- ညောင်ဦး ၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အထူးလျော့ဈေးကာလ ကုန်ဆုံးသွားရင် သတ်မှတ်မယ့် နှုန်းထားကိုတော့ ကြေငြာခြင်း မရှိသေးပါဘူး။ လက်ရှိ ရန်ကုန်ကို အခြေပြုပြီး ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမှု တိုးချဲ့တာကို ခွင့်မပြုတဲ့အတွက် ဒိန်းမတ်ကုမ္ပဏီဟာ မြန်မာ့လေကြောင်းနဲ့ ပူးပေါင်း လုပ်ကိုင်တာ ဖြစ်နိုင်ကြောင်း အဲဒီ ခရီးသွားလုပ်ငန်း တာဝန်ရှိသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up