Monday, June 5, 2023
HomeLead Storyတောင်တွင်းကြီးမြို့နယ်၌ စစ်တပ်၏ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံး

တောင်တွင်းကြီးမြို့နယ်၌ စစ်တပ်၏ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံး

တောင်တွင်းကြီးမြို့နယ်မှာ မတ်လ ၂  ရက် ညနေပိုင်းက စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။

ရန်ကုန်-ပြည်ကားလမ်းအတိုင်း တောင်တွင်းကြီးဘက်သို့ ဆတ်သွားတိုက်နယ် အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပြီးပြန်လာတဲ့ စစ်ကားတွေကို ဆတ်သွားကျေးရွာအနီး၊ တောစိမ်းကျေးရွာထိပ် ကားလမ်းဘေးမှာ ထိုင်နေတဲ့ လူငယ်တွေက “စစ်အာဏာရှင်အလိုမရှိ” လို့ ကြွေးကြော်စဉ် စစ်ကားတွေပေါ်မှ စစ်သားတွေဆင်းလာပြီး ကျွဲကျောင်းရင်း ဂိမ်းဆော့နေတဲ့ လူငယ် ၂ ဦးကို ထိုးကြိတ်ရိုက်နှက်ကာ ထွက်ပြေးတဲ့ လူငယ်တွေကို  သေနတ်နဲ့ လိုက်ပစ်တဲ့အတွက်  လူငယ်တစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာနဲ့ ဆုံးသွားခဲ့တာပါ။

တချို့လူငယ်တွေ ဒဏ်ရာရရှိကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူမှာ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား၊ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစိုးဝင်းနဲ့ ဒေါ်သင်းသင်းခိုင်တို့ရဲ့သား ကိုသီဟဇော်(ခ)နောင်နောင်  အသက် ၁၆ နှစ် ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို မကွေးမြို့ကို ပို့ဆောင်မှာဖြစ်ပြီး မိသားစုသုံးယောက်နဲ့ နာရေးကူညီမှုကား လွှတ်ပေးဖို့ စစ်တပ်ဘက်က ပြောတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular