ရွှေကူမြို့တွင် ၃ ရက် ၃ လ ၃ နာရီ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ကမ်ပိန်းပြုလုပ်

ကချင်ပြည်နယ် ရွှေကူမြို့မှာ မတ်လ ၃ ရက် မနက် ၃ နာရီက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။

ရွှေကူမြို့ အမှတ် ၂ စျေးရှေ့နဲ့ လူစည်ကားတဲ့နေရာတချို့က လမ်းမပေါ်မှာ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အောင်လှိုင်ပုံတွေ ရေးဆွဲတာနဲ့ "စစ်အာဏာရှင်အကျရှုံးပါစေ"အပါအဝင်စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားတွေ ရေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

“ကျနော်တို့အခုလုပ်တာက ၃ ရက် ၃လ ၃ နာရီ စစ်အာဏာရှင်ဆန့်ကျင်ရေးကမ်ပိန်းပါ။ ကျနော်တို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှန်သမျှကို ရဲနဲ့တာဝန်ရှိသူတွေကို အမျိုးမျိုး တားမြစ်နေတယ်။ "အမိန့်အရ"ဆိုပြီးတော့ပေါ့ဗျာ သူတို့က အမိန့်အရဆိုတော့ ကျနော်တို့ လူငယ်တွေကလည်း "သမိုင်းပေးတာဝန်အရ" နည်းမျိုးစုံနဲ့စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်သွားမှာပါ။ ကျနော်တို့လူငယ်တွေရဲ့ စုပေါင်းအားနဲ့ နိုင်ငံအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ "လို့ လူငယ်တစ်ဦးက ပြောပါတယ်။

ဒီကမ်ပိန်းနဲ့ပါတ်သက်ပြီး ဒေသခံတစ်ဦးက "အန်တီက မိုးမလင်းစျေးသည်ပါ။ မနက်က ၄ နာရီလောက် ဒီစျေးရှေ့ကဖြတ်သွားတော့ အဝေးကနေ ဒါတွေကို မြင်နေရတယ်။ အစက ဘာမှန်း မသိသေးဘူး။ အနားရောက်မှဆိုင်ကယ်ခဏရပ်ပြီး ကြည့်လိုက်တော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ပုံနဲ့ သူ့ကို အလိုမရှိကြောင်းရေးထားတဲ့စာတွေဖြစ်နေတာ လူငယ်တွေကို တကယ်လေးစားပါတယ်။ မနက်ပိုင်း အိပ်ယာထဲမှာရှိနေရမဲ့အချိန် ကိုယ့်နိုင်ငံအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်နဲ့ သတ္တိရှိရှိလှုပ်ရှားနေကြတာကို တကယ်လေးစားမိပါတယ်"လို့ ပြောပါတယ်။

အဆိုပါစစ်အာဏာရှင်ဆန့်ကျင်တဲ့ ရုပ်ပုံတွေနဲ့စာသားတွေကို တာဝန်ရှိသူတွေက မနက် ၈ နာရီဝန်းကျင်မှာ  မှုတ်ဆေးဗူးတွေနဲ့ လာရောက်ဖျက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up