Home
မြန်မာသတင်း
အရပ်ဝတ်များပါဝင်သည့် ရွာမ​ကျောင်းလမ်းပစ်ခတ်မှုတွင် ဒဏ်ရာရ၊ ဖမ်းဆီးခံရသူများရှိ
DVB
·
March 2, 2021
156125354_3939560686104435_1264499122357161119_n
155180721_3939560629437774_3111130191574366960_n
155126305_3939560452771125_5334052724158435746_n
154758163_3939560546104449_6052738677562572194_n
154580612_3939560732771097_3905924683133200755_n

ရန်ကုန်မြို့ လှိုင်မြို့နယ် ရွာမကျောင်းလမ်းထဲကို ဒီ​​နေ့မနက်   ၁၁ နာရီခွဲ​လောက်က  လက်နက်ကိုင်  ရဲ​တွေ စစ်သား​တွေနဲ့ အရပ်ဝတ်​တွေ ဝင်​ရောက်လာပြီး စစ်အာဏာရှင်ဆန့်ကျင်​ ဆန္ဒပြသူ​တွေကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ပတ်ဝန်းကျင်ရှိ ပြည်သူ​တွေက​ပြောပါတယ်။

အရင်ဆုံး လက်နဲ့ပစ်တဲ့ မီးခိုးဗုံး​တွေ မျက်ရည်ယိုဗုံး​​တွေအပြင် ပစ်ခတ်သံ​တွေကြားခဲ့ရပြီး တမ်မ ၇၇ စစ်သား​တွေကလည်း တုတ်​တွေနဲ့လိုက်ရိုက်တဲ့အပြင် အရပ်ဝတ်နဲ့လူ​တွေပါ ​တွေ့တဲသူကို လိုက်ရိုက်​နေ​ကြောင်း လူစုခွဲချိန်မှာ ရဲတချို့က  တပ်မ ၇၇ က စစ်သား​တွေလာ​နေတာ​ကြောင့် မြန်မြန်​ပြေးဖို့ ​ပြော​ကြောင်း အင်းအားသုံး ဖြိုခွင်းခံရစဉ် ရဲတွေနဲ့ အနီးဆုံးရှိခဲ့တဲ့ လူငယ်​တွေက​ ပြောပါတယ်။

အရပ်ဝတ်​တွေပါပါတဲ့ လုံခြုံ​ရေး​တွေဟာ ဆန္ဒပြသူတွေကို ဝင်လိုက် ပစ်လိုက် ပြန်ထွက်လိုက်လုပ်​နေ​ကြောင်း အရပ်ဝတ်​တွေပါတာ ဟုတ်မှန်​ကြောင်း မျက်မြင် ​သတင်း​ထောက်တစ်​ယောက်ကလည်း ပြောပါတယ်။

ပြည်သူတွေနဲ့ ဆန္ဒပြလူငယ်တွေရဲ့ ပြောစကားအရ ရွာမ​ကျောင်းလမ်း ရိုက်နှက်ပစ်ခတ် ဖမ်းဆီး ဖြိုခွင်းမှုအတွင်း လူတစ်​ယောက်​ခြေ​ထောက်ကို ​ထိမှန်ခဲ့ပြီး မျက်ရည်ယိုဗုံးတွေကြောင့် မျက်စိနာသွားသူတွေတွေ့ခဲ့ရကြောင်း အဖမ်းခံရသူ ၅ ယောက်ထက်မနည်းရှိနိုင်တယ်လို့ သိရပါတယ်။

သတင်း - ညီငယ်၊ ဓာတ်ပုံ - ပြည်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024