စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ ပစ်ခတ်ချေမှုန်းမှုတွေ လုပ်ခဲ့ပေမယ့် ပဲခူးမှာ ဒီနေ့မနက် စစ်အာဏာရှင် အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မနေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ ငြိမ်းချမ်းစွာ စစ်အာဏာရှင်ဖြုတ်ချရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီအတွက် ပဲခူးမြို့က ဆန္ဒပြပြည်သူ ၄ ဦး သေဆုံးတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြခဲ့ကြပေမယ့် သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရရှိသူ ၂၆ ဦးလောက်နဲ့ ဖမ်းဆီးခံရသူက ၁၅ ယောက်လောက် ရှိတယ်လို့ သိရပါတယ်။
အာဏာရှင်တွေဘက်က ဘယ်လိုပဲ ပစ်ခတ် ဖမ်းဆီးနေပါစေ၊ ပဲခူး ဗကသ ကျောင်းသားတွေ မီးရထားဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ Generation Z လူငယ်တွေကတော့ ပဲခူး မဇင်းလမ်းထိပ်နဲ့ အနီးတဝိုက်နဲ့ ရွှေမော်ဓောဘုရားလမ်းမှာ ဆန္ဒထုတ်ဖော်မှုတွေကို ဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။