မကွေးမြို့ မြို့ဟောင်းရပ်ကွက်မှာ မတ်လ ၁ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုတဲ့အချိန်မှာ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့ကြပါတယ်။
စစ်အာဏာရှင်ကျဆုံးရေးအတွက် စတင်လူစုတဲ့အချိန်မှာပဲ ရဲတပ်ဖွဲ့နဲ့ စစ်ကားတွေ အင်အားအလုံးရင်းနဲ့ရောက်လားပြီး လူငါးဦးထက်ပိုမစုဖို့၊ လူစုခွဲဖို့ လိုက်လုံကြေညာပြီး ဖမ်းဆီးဖို့ လုပ်တာကြောင့် လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။
မကွေးမြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း စစ်အဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၅၇ ယောက်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်သူတွေအပါဝင်ဆိုရင် ၇၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ကျောင်းသားတစ်ချို့ကို ပြတ်လွှတ်ပေးနေတယ်လို့ သိရပါတယ်။