စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြိူ့နယ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သပြေညိုတော်လှန်ရေး ပြုလုပ်ခဲ့ကြပါတယ်။
ချောင်းဦးမြို့နယ်က သပိတ်မှောက်ပြည်သူတွေဟာ အောင်အတိတ်၊ အောင်နိမိတ်အဖြစ် အောင်သပြေပန်းနဲ့ သပြေညိုတော်လှန်ရေးကို ပြုလုပ်ခဲ့ကြတာပါ။
ချောင်းဦးမြို့နယ်မှာ ဖေဖော်ဝါရီ (၇) ရက်နေ့က စတင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နေ့စဉ်ကျင်းပနေတာပါ။
စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီကိုလည်း အဖွဲ့ဝင် ၁၇ ဦးနဲ့ ဒီကနေ့ ဖွဲ့စည်းထားရှိပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ နိုင်ဖို့လည်း ကြိုးစားနေပါတယ်။
မာန်ဇာမြေမွန်(ချောင်းဦး)