မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ ပြောင်ခေါင်းဒေသ လီရှောလယ်ဦးကျေးရွာအုပ်စုအောက်က ရွာသူရွာသား ရာနဲ့ချီဟာ အာဏာသိမ်းစစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေကို အလို မရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ကျေးရွာ ၇ ရွာက ရွာသူရွာသားတွေဟာ အင်အားရာနဲ့ချီပြီး ရွာလမ်းမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ဟာ အရင်တုံးက အုပ်ချုပ်ရေးမှူး လုပ်ဖူးခဲ့သူဖြစ်ပြီး သူ့မိသားစုဟာ မူးယစ်ဆေးရောင်းဝယ်တာကြောင့် ထောင်ကျဖူးတယ်လို့ ရွာသူရွာသားတွေကဆိုပါတယ်။
တာဝန်က ရပ်စဲခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးလက်ထက်မှ ကျေးရွာအတွင်း မူးယစ်ရောင်း ဝယ်မှုတွေကို အများကြီးဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တာကြောင် ရွာက လူတွေက မူးယစ်ဆေး တွင်ကျယ်စွာ ပြန်ရောင်းမှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိဘဲ ပြည်သူကနေ ပြည်သူကိုပဲ အုပ်ချုပ်ဖို့ ရပ်မိရပ်ဖတွေနဲ့ဖွဲ့စည်းနေတယ်လို့သိရပါတယ်။
ဟန်နာထက်အောင်