DVB Logo
Home
မြန်မာသတင်း
မကွေးတွင် သတင်းထောက် ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
February 27, 2021
မကွေးတွင် သတင်းထောက် ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
1 / 5
Donate to DVB

မကွေးမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက သစ္စာလမ်းပေါ်မှာ သတင်းရယူနေတဲ  အမျိုးသမီးသတင်းထောက်တစ်ဦး အပါအဝင် ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့သူဟာ မကွေးအခြေစိုက် (မြေလတ်ဂျာနယ်) အမျိုးသမီးသတင်းထောက် ဇာဇာ(မကွေး) ဖြစ်ပြီး ဆန္ဒပြရမှာပါဝင်ခြင်းမရှိဘဲ သတင်းရယူနေတာဖြစ်လို့ မနက် ၁၀ နာရီကျော်လောက်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မကွေးမြို့ သစ္စာလမ်းပေါ်မှာ လူစုလူဝေးမလုပ်ဖို့ ရဲတပ်ဖွဲ့က ကားနဲ့ လိုက်လံကြော်ငြာတာတွေ လုပ်ဆောင်ခဲ့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ပစ်ဖောက်ကာ လူစုခွဲပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ဒါအပြင် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုအောင်မျိုးနိုင်အပါအဝင် ပရဟိတ အသင်းဝင် ၃ ယောက်ကိုလည်း ရဲတပ်ဖွဲက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မကွေးမြို့ခံ ရှေ့နေများအဖွဲ့ကတော့ ဖမ်းဆီးထိမ်းသိမ်းခံထားရသူတွေနဲ့ ပတ်သက်လို့ လိုက်ပါကူညီနိုင်အောင် ဖြစ်စဥ်အခြေအနေတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013